Writing in Myanmar on the World Wide Web

မြန်မာလိုရေးကြမယ်။


Web ပေါ်မှာ မြန်မာလို ရေးရတာ လွယ်မယောင်နဲ့ခက်၊ ခက်မယောင်နဲ့ လွယ်ပါတယ်။


Blogger ရဲ့ Form မှာ မြန်မာလို ရေးရတာပဲဖြစ်ဖြစ်၊ Performancing မှာ မြန်မာလို ရေးတာပဲဖြစ်ဖြစ်၊ အခက်အခဲ တွေ့ကြရပါတယ်။ စာလုံးတွေက ပေါ်ချင်သလို ပေါ်လာကြလို့ပါ။ ဒါပေမယ့် မခက်ပါဘူး။ ဒီ HTML Tag ကလေးကို Form ထဲမှာ အရင် ရိုက်ထဲ့လိုက်ပါ။ ပြီးမှ အဲဒီ HTML Tag ထဲမှာ ကိုယ်ရေးချင်တဲ့ မြန်မာစာကို Word မှာရေးပြီး Cut and Paste လုပ်ယူပါ။ ဒါမှမဟုတ် တိုက်ရိုက်လဲ ရိုက်သွင်းနိုင်ပါတယ်။ သတိပြုရမှာက HTML Tag ကို ရေးတဲ့အခါမှာ HTML Editor Mode ဖြစ်ရပါမယ်။ ဒါမှမဟုတ် HTML enabled form ဖြစ်ရပါမယ်။ မြန်မာလို ရေးတဲ့အခါမှာတော့ Rich Text Mode မှာ ပိုအဆင်ပြေပါတယ်။ ကိုယ်ရေးတဲ့ မြန်မာစာကို အမှန်အတိုင်း မြင်ရလို့ပါ၊၏။ နို့မဟုတ်လျှင် မြန်မာ စာလုံးတွေက မှန်မှန် မပေါ်ပါဘူး။ Word မှာရေးပြီး Cut and Paste လုပ်ယူလျှင်တော့ ဒီပြဿနာ မရှိပါဘူး။

HTML Tag က ဒီမှာပါ။

<p style="font-family:Zawgyi-One ">PUT YOUR MYANMAR TEXT HERE</p>


OR

<span >PUT YOUR TEXT HERE </span>



ဒီနှစ်ခု အနက်က ကြိုက်ရာကို သုံးနိုင်ပါတယ်။ PUT YOUR MYANMAR TEXT HERE ဆိုတဲ့ နေရာမှာ မြန်မာ စာလုံးတွေ ရိုက်ထဲ့ရုံ ပါပဲ။ Font ကိုလဲ ကိုယ်ကြိုက်ရာ Font လဲသုံးနိုင်ပါတယ်။Zawgyi-Oneဆိုတဲ့ နေရာမှာ လဲနိုင်ပါတယ်။



Technorati Tags:

Comments

Popular posts from this blog

Another interesting Myanmar personal blog - Myo Kyaw Htun

How to insert images and pictures in Gmail