Showing posts with label Kabaw Valley. Show all posts
Showing posts with label Kabaw Valley. Show all posts

Thursday, March 01, 2007

Kalay Tamu Highway

ကလေး - တမူး ကားလမ်း




ကလေး - တမူး ကားတွေ ကလေး မြို့တွင်း ကားလေးဝင်း ကနေ နေ့စဉ် ထွက်ပါတယ်။ Van (Town Ace) နဲ့ မှန်လုံ ကားတွေ ပြေးဆွဲပါတယ်။ ကားကြီးတွေလဲ ပြေးဆွဲပေမယ့် ကုန်အဓိက တင်တဲ့ အတွက် လူစီးလို့ အဆင် မပြေပါဘူး။ Van ကား ၂၅၀၀ ကျပ်၊ မှန်လုံ ၂၀၀၀ ကျပ် ဖြစ်ပါတယ်။ ကလေးက နေ့စဉ် နံနက် ၇ နာရီ နဲ့ နေ့လယ် ၂ နာရီ ထွက်ပြီး၊ တမူးကနေ နံနက် ၉ နာရီနဲ့ နေ့လယ် ၂ နာရီ ထွက်ပါတယ်။



ကလေးက ကားမထွက်မီ မှတ်ပုံတင် တွေကို ကားမောင်းသူထံ အပ်နှံ ရပါတယ်။ ကလေး အထွက် စစ်ဆေးခြင်း မရှိပါ။ ကားလမ်းမှာ အထူးပင် ကောင်းမွန်ပါတယ်။ အိန္ဒိယ အကူအညီနဲ့ ဖေါက်လုပ် ထားတာလို့ သိရပါတယ်။ အချို့ နေရာတွေမှာ ကျင်း၊ ချိုင့် အနည်းငယ် ရှိသည်မှ အပ တော်တော် ကောင်းပါတယ်။
နှစ်လမ်းမောင်း ဖြစ်ပြီး လမ်းညွှန် ဆိုင်ဘုတ်များ ပြည့်စုံစွာ ရှိပါတယ်။



ကလေးက မိုင် (၆၀) ခန့်မှာ ခန်းပတ် မြီု့နယ်ခွဲကို ရောက်ရှိပါတယ်။ ခန်းပတ်မှာ ကားတွေ ခဏ ရပ်နားပြီး convoy ဖွဲ့၍ ရဲ၊ တပ် အစောင့် အရှောက်နဲ့ သွားရပါတယ်။ ခန်ပတ်မှ တမူး အထိ မိုင် (၃၀) ခန့်မှာ အိန္ဒိယ နယ်စပ်မျဉ်း တလျှောက် ဖောက်လုပ် ထားတာ ဖြစ်ပါတယ်။ တဖက်နိုင်ငံမှာ မဏိပူရ ခွဲထွက်ရေး သူပုန်တွေ လှုပ်ရှား နေတဲ့ အတွက် အစောင့် လိုက်ရတာပါ။ မြန်မာနိုင်ငံ ဖက်ခြမ်းမှာတော့ အေးချမ်းပါတယ်။



ကလေး - တမူး လမ်းပေါ်က ရွာတွေ ကြီးမားပြီး အိမ်ကြီး၊ အိမ်ကောင်း တွေလဲ ပေါပါတယ်။ စီးပွားရေး ကောင်းဟန် ရှိပါတယ်။ ချင်းအမျိုးသားတွေ အများအပြား နေထိုင်ကြပြီး ခရစ်ယာန် ဘုရားကျောင်းတွေ ရွာတိုင်းလိုလို ရှိပါတယ်။ လယ်ယာ မြေကောင်းတွေ ပေါများပါတယ်။



တမူးမြို့ အဝင်မှာ ကားဝင်း ရှိပါတယ်။ လမ်းမကြီး ဘေးမှာပါ။ ခရီးသည်တင် ကားနဲ့ ကုန်ကားတွေ ကိုပဲ စစ်ဆေးပြီး ဆိုင်ကယ်၊ စက်ဘီးတွေ ကတော့ လွတ်လပ်စွာ သွားလာနေ ကြပါတယ်။ ကားဝင်းက မထွက်မီ ခရီးသည် တွေရဲ့ ခရီးဆောင် အိတ်တွေကို စစ်ဆေးပါတယ်။ ပြီးတော့ မှတ်ပုံတင် တွေကို လဝက ကပြန်ပေးပါတယ်။



ကားဝင်း အပြင်ဖက်မှာ ဆိုက်ကားငှားပြီး တမူး မြို့တွင်းကို သွားနိုင်ပါတယ်။ လူနေ အိမ်ခြေ တွေက ကားဝင်းကို ကျော်ပြီး ရှိနေပါတယ်။ ကလေး - တမူး လမ်းဟာ အဆင်ပြေပြေ၊ သက်တောင့် သက်သာ သွားနိုင်တဲ့ ခရီးပါ။



Technorati Tag : , , , , ,

Kalay Tamu Highway

Buses to Tamu leave every day from the bus terminal in Kalay. Buses leave at 9:00 AM and 2:00 PM everyday. The vans (Town Ace) cost 2,500 kyats a person while the minibuses cost 2,000 kyats. There are big buses too but they mainly carry goods and not very convenient for people to travel. Buses from Tamu leave at 9:00 AM and 2:00 PM everyday.

Passengers have to hand over their ID cards to the driver before start of the trip. There is no search on leaving Kalay. The road is very nice except for a few bumps and holes. The road is two lanes, complete with traffic signs. Indian government built the road for the Myanmar government.

About 60 miles away from Kalay, we reach Khan Pat, a sub township in Tamu District. The cars were stopped, and at 9:00 AM all the cars are allowed to go in convoy with the police and army security. There are insurgents on Indian side, and the road is just a few kilometers away from the body. However, there is nothing to worry on Myanmar side. There is no search in Khan Pat.

Villages and houses on the way to Tamu are quite large, clean and well developed. There are many churches in almost every village. Many of the inhabitants are Chin people.

The Highway Bus Terminal in Tamu is just on the side of the main road. Luggages were seharched and the ID cards were given back to the passengers. There was no restriction to those who were walking and riding motorcycles. The town has already overgrown the bus terminal now.

You can take a trishaw outside the station to go to downtown.

Technorati Tag : , , , , ,

Morai and Nan Pha Long Market

About 10 minutes away from Tamu by bus is Morai, a town from India, and Nan Pha Long Market and village, in Myanmar. It cost only 200 kyats per person for a bus ride. There are many Indians from Morai coming to shop at Nan Pha Long Market. Marchandises on sale include those from China, Thailand, as well as foods and produsts from Myanmar. People from Tamu also come and buy Indian products too.

There is no fence between Morai and Myanmar side although there is a border check point. People could pass the border freely without restriction, and people from India could visit as far as Tamu.

Burmese citizens are not allowed to visit Morai but, because there is no fence, people from Tamu and Nan Pha Long simply go to Morai without any restriction. However, I was advised not to wander around in Morai as there are insurgents in Manipur. Occasional gun fights do happen in Morai. On Myanmar side, there is only peace. Inhabitants of Tamu usually refrain from talking about the Maniput insurgents as they are afraid of the insurgents.

Technorati Tag : Tamu, Kabaw Valley, Myanmar, Burma

Morai and Nan Pha Long Market

နန့်ဖာလုံ ဈေးနှင့် မိုရေးမြို့



တမူးကနေ လိုင်းကား (သို့) ဆိုင်ကယ် သုံးဘီး စီးသွားရင် အိန္ဒိယ နိုင်ငံ မိုရေးမြီု့နဲ့ ကပ်လျက်က နန့်ဖာလုံ ဈေးကို ရောက်ပါတယ်။ တစ်ယောက် ၂၀၀ ကျပ် ကျပါတယ်။ ၁၀ မိနစ် လောက်ပဲ ကြာပါတယ်။ နန့်ဖာလုံ ရွာမှာ ရှိလို့ ခေါ်တာပါ။ မြန်မာ နိုင်ငံသား ကသည်း လူမျိုးတွေ နေထိုင်တဲ့ ရွာကြီး ဖြစ်ပါတယ်။ တစ်ဖက်နိုင်ငံ
မိုရေးမြို့နဲ့ ကပ်လျက်ရှိပြီး မိုရေး မြို့သူ၊ မြို့သားတွေ ဈေးလာဝယ် နေကြတာ တွေ့ရပါတယ်။ အိန္ဒိယ နိုင်ငံသား အများ အပြား ဈေးလာ ဝယ်ကြလို့ အလွန်ပဲ စည်ကားလှ ပါတယ်။ တမူး မြို့သူ၊ မြို့သားတွေလဲ အိန္ဒိယ နိုင်ငံထွက် ကုန်ပစ္စည်း တွေကို လာဝယ် ကြပါတယ်။



ကုန်ပစ္စည်း တွေက စုံလှပါတယ်။ အိန္ဒိယ၊ ထိုင်း၊ တရုတ် ကုန်ပစ္စည်း တွေအပြင် မြန်မာ နိုင်ငံထွက် အစားအသောက်၊ အချဉ်ထုပ်၊ ယိုစုံ၊ ဆပ်ပြာနဲ့ အခြား လူသုံး ကုန်ပစ္စည်း တွေ ရောင်းချ ကြပါတယ်။ မိုရေးကနေ ဈေးထဲကို လွတ်လပ်စွာ ဝင်ထွက် သွားလာ နိုင်ကြပါတယ်။ နန့်ဖာလုံ ရွာနဲ့ တမူးမြို့ အထိ လာရောက် လည်ပတ်နိုင် ကြပါတယ်။ မိုရေးနဲ့ မြန်မာပြည် ကြားမှာ ခြံစည်းရိုး မရှိတော့ အတား အဆီး မရှိ ဝင်ထွက် သွားလာ နိုင်ကြပါတယ်။



မြန်မာ နိုင်ငံသားတွေ မိုရေး မြို့ထဲကို သွားရောက် လည်ပတ်ခွင့် မရှိပါ။ ဒါပေမယ့် ခြံစည်းရိုး အတား အဆီး မရှိ၊ အစစ် အဆေး မရှိတဲ့ အတွက် ဒီအတိုင်း သွားလာ လည်ပတ် နေကြပါတယ်။ တစ်ဖက် နိုင်ငံက လုံခြုံရေး သိပ်တော့ စိတ်မချရ ပါဘူး။ မဏိပူရ ခွဲထွက်ရေး သူပုန်တွေ လှုပ်ရှားမှု ရှိတဲ့ အတွက် မကြာခဏ ပစ်ခတ်မှုတွေ ဖြစ်ပွား တတ်ပါတယ်။


နန့်ဖာလုံ ဈေးရောက်တုန်း နန့်ဖာလုံ ရွာထဲ သွားရောက် လည်ပတ် နိုင်ပါတယ်။ ဈေးထဲမှာတော့ လုံခြုံရေး အရ ဓါတ်ပုံ ရိုက်ခွင့် မပြုပါဘူး။ တစ်ဖက် နိုင်ငံ သွားလည်ရင်လဲ သတိထား သွားလာဖို့ အကြံ ပေးချင်ပါတယ်။

Technorati Tag : , , ,

Wednesday, February 28, 2007

Tamu, Kabaw Valley


Tamu is a town in Kabaw Valley. It is situated just a few miles away from India border. Although not as large as Kalay, it is still a large town, with many good houses and buildings. There are many two to three storied buildings in Tamu, and many rich people live in Tamu. Roads are also wide and clean and the buildings look modern too. Many of the inhabitants in Tamu are Chin and Burmese with many rich Gurkha, and some Shan and Kachin too.

There are about 4 or 5 guest houses in Tamu. All of them are quite clean and tidy, with good access to restaurants. Food is not expensive in Tamu, and there are a lot of good restaurants and tea shops in Tamu. My favourite is the "Chit Tee" Restaurant in downtown Tamu. You can ask any one "Chit Tee" and they will show you the direction. In the morning you can have a very nice Puri and Tosai there.

There are many large and grand Christian Churches in Tamu, and some Hindu temples too.

There are buses in the town as well as tri cycles. Buses also run to Morae in India.

Technorati Tag : , , ,

Tamu, Kabaw Valley

တမူးမြို့



တမူးမြို့ဟာ ကဘော်ချိုင့်ဝှမ်းက မြို့တစ်မြို့ ဖြစ်ပါတယ်။ အိန္ဒိယ မြန်မာ နယ်စပ် အနီး တည်ရှိပြီး နယ်စပ်နဲ့ မိုင်အနည်းငယ်ပဲ ကွာဝေးပါတယ်။ တမူးမြို့ဟာ အတော်အတန် ကျယ်ဝန်းပါတယ်။ ကလေးလောက် မကြီးပေမယ့် အရွယ် အလတ်စား မြို့တစ်မြို့ ဖြစ်ပါတယ်။ မြို့တွင်းလမ်းများ ကျယ်ဝန်းပြီး သန့်ရှင်းသပ်ရပ် ပါတယ်။ အိမ်ကြီး အိမ်ကောင်းတွေလဲ အလွန်ပေါပါတယ်။ ခေတ်မှီ ၂ ထပ်၊ ၃ ထပ် တိုက်တွေ အများ အပြား ရှိပါတယ်။ သူဌေး သူကြွယ် အလွန်ပေါတဲ့ မြို့တစ်မြို့ပါ။ ဗမာ၊ ချင်းလူမျိုးတွေ အများစု နေထိုင်ကြပြီး ဂေါ်ရခါးတွေလဲ အများ အပြား နေထိုင်ကြပါတယ်။ ချမ်းသာတဲ့ ဂေါ်ရခါးတွေ အတော်များ ပါတယ်။ ရှမ်း၊ တရုတ်နဲ့ ကချင် လူမျိုးတွေလဲ နေထိုင် ကြပါတယ်။



တမူးမှာ တည်းခိုခန်း ၄၊ ၅ ခု ရှိပါတယ်။ သန့်ရှင်း သပ်ရပ်ပြီး ဈေးလဲ သင့်တော် ပါတယ်။ အစား အသောက် ဈေးလဲ သက်သာပါတယ်။ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေ ပေါပါတယ်။ မြီု့ထဲက ချစ်တီး ထမင်းဆိုင် လက်ရာ အတော် ကောင်းပါတယ်။ ချစ်တီးဆိုင် ဆိုရင် လူတိုင်း သိပါတယ်။ မနက်စောစော ဆိုရင် အာလူး ပူရီနဲ့ တိုရှည် ကောင်းကောင်း ရပါတယ်။


မြို့ပေါ်မှာ ခရစ်ယာန် ဘုရားကျောင်းတွေ အနှံ့ အပြား တွေ့ရပါတယ်။ ဘုရားကျောင်းတွေက ခန့်ညား ကြီးမား ကြပါတယ်။ ဟိန္ဒူဘာသာ ဘုရားကျောင်း တွေလဲ တွေ့ရပါတယ်။



မြို့ပေါ် သွားလာရေး အတွက် လိုင်းကားနဲ့ သုံးဘီးတွေ ပြေးဆွဲ ပါတယ်။ သွားလာရေး အဆင်ပြေ ပါတယ်။ တစ်ဖက်နိုင်ငံ မိုရေးမြို့ကို ပြေးဆွဲတဲ့ လိုင်းကားတွေလဲ ရှိပါတယ်။

Technorati Tag : , , ,

 

This template downloaded from webtalks.blogspot.com