Take care of your Baby's soft and delicate skin

သင့်ကလေးရဲ့ အရေပြားကို ဂရုစိုက်ပါ

မွေးကင်းစ ကလေးငယ် တွေရဲ့ အရေပြားဟာ လူကြီးတွေရဲ့ အရေပြားနဲ့ မတူပါဘူး။ မွေးကင်းစ ကလေးငယ် တွေရဲ့ အရေပြားဟာ အလွန် နူးညံ့ပြီး ပြဿနာ အချို့လဲ အလွယ်တကူ ဖြစ်စေနိုင် ပါတယ်။ ဥပမာ မွေးကင်းစ ကလေးငယ် တွေရဲ့ ချွေးအိတ် (Sweat Glands) တွေဟာ ပိတ်ဆို့ နေတတ်ပြီး အလုပ်ကောင်းစွာ မလုပ်တဲ့ အတွက် အပူကန်ခြင်း (Heat Rash) ပိုဖြစ် နိုင်ပါတယ်။ အရေပြား တွေကလဲ အရမ်းကို ပါးလွှာ တဲ့အတွက် ပိုးမွှားတွေရဲ့ အန္တရာယ်လဲ (Skin Infections) အလွယ်တကူ ကျရောက် နိုင်ပါတယ်။ အရေပြား ပါးလွှာ လွန်းတဲ့ အတွက် အရေပြားပေါ် လိမ်းတဲ့ ဆေး (Lotion, cream စတာတွေ) ဟာ အရေပြား ထဲကို အလွယ် တကူနဲ့ မြန်မြန်ဆန်ဆန် ဝင်ရောက် သွားနိုင်ပါတယ်။

ဒါ့ကြောင့် အရေပြားလိမ်း ကရင်တွေ၊ ဆပ်ပြာ၊ ခေါင်းလျှော်ရည် ဆတာတွေကို ကလေးတွေမှာ အရမ်း မသုံးသင့်ပါဘူး။ အရေပြား ရောဂါတွေ မရှိဘူး ဆိုရင် ဆပ်ပြာကို ညစ်ပေတဲ့ နေရာကိုပဲ ဆေးကြောသင့်ပါတယ်။ ကျန် မညစ်ပေတဲ့ နေရာတွေကိုတော့ ရေသန့်သန့် ကိုပဲ သုံးသင့်ပါတယ်။ ဆပ်ပြာ ဆိုရာမှာလဲ အယ်လကာလီ မပါတဲ့ (Non alkaline, pH adjusted soap) ကိုသာ သုံးသင့်ပါတယ်။ ရီုးရီုး ဆပ်ပြာကို တတ်နိုင်ရင် ရှောင်သင့်ပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ ရိုးရိုး ဆပ်ပြာတွေက ကလေးရဲ့ ပုံမှန် အရေပြားမှာ ရှိတဲ့ အက်ဆစ်ဓါတ်ကို ခြေဖျက်ပြစ်လို့ပဲ ဖြစ်ပါတယ်။

အရေပြား ခြောက်သွေ့ခြင်း၊ အနှီး လောင်ခြင်း (dry skin and diaper rashes) တို့လို သာမန် အရေပြား ပြဿနာ တွေအတွက် အလွယ်တကူ ဝယ်ယူလို့ ရတဲ့ over the counter baby skin care products တွေကို သုံးနိုင်ပါတယ်။ ဒါပေမယ့် hexachlorophene, iodine, resorcinol တို့လို ပိုးသတ်ဆေး (antiseptic) ပါတဲ့ လိမ်းဆေးတွေ၊ အနံ့ ပါတဲ့ လိမ်းဆေးတွေ၊ preservatives ပါတဲ့ ဆေးတွေကိုတော့ ရှောင်သင့် ပါတယ်။ အရေပြားကို ဆေးကြောရာမှာလဲ အရမ်း ပွတ်တိုက် ဆေးကြောခြင်းကို ရှောင်သင့်ပါတယ်။ ကလေး နောက်ဖေး သွားပြီးတိုင်းလဲ ပေတဲ့ နေရာတွေကို ဆေးကြောပြီး သေသေချာချာ ခြောက်သွေ့အောင် ဂရုပြုသင့်ပါတယ်။ ပွတ်တိုက်မှု များတဲ့ ချိုင်းကြား၊ လည်ပင်း၊ ပေါင်ခြံလို နေရာမျိုးကို ပေါင်ဒါ လိမ်းပေးသင့်ပါတယ်။ ပေါင်ဒါဟာ talcum (သို့) corn starch ပေါင်ဒါပဲ သုံးသင့် ပါတယ်။ပြီးတော့ နဲနဲပဲ သုံးပါ။

အရေပြားမှာ Allergy အင်ပြင် ထတတ်တဲ့ ကလေးတွေ အတွက်တော့ အရေပြား ခြောက်သွေ့ မနေစေဖို့ Lotions and emollients တွေ သုံးသင့်ပါတယ်။ ဒီလိမ်းဆေးတွေကို စိုဆွတ်နေတဲ့ အရေပြားပေါ် လိမ်းပေး သင့်ပါတယ်။

အရေပြား ရောဂါတွေ အတွက် သုံးရမယ့် ဆေးဝါးတွေကိုတော့ ဆရာဝန်ရဲ့ ညွှန်ကြားချက် နဲ့သာ သုံးသင့်ပါတယ်။ မိမိ သဘောနဲ့ ဘယ်တော့မှ မသုံးသင့်ပါဘူး။ အရေပြား ကနေ ဆေးစိမ့်ဝင်မှု များတဲ့ အတွက် ဒီဆေးတွေကို ဆရာဝန် ညွှန်ကြားတဲ့ နေရာ တွေမှာပဲ သုံးသင့်ပါတယ်။ တခြားနေရာမှာ အလားတူ အရေပြား ပြဿနာတွေ ပေါ်လာလို့ပဲ ဖြစ်ဖြစ်၊ ဒီလို အလားတူ ပြဿနာမျိုး ထပ်ပေါ်ရင်ပဲ ဖြစ်ဖြစ်၊ ဆရာဝန်ရဲ့ ညွှန်ကြားချက် မပါပဲ မိမိ သဘောအလျှောက် ဒီဆေးတွေကို မသုံးစွဲ သင့်ပါဘူး။


Technorati Tag: ,

Comments

Popular posts from this blog

Another interesting Myanmar personal blog - Myo Kyaw Htun

How to insert images and pictures in Gmail