Free Primo PDF

PDF ဖိုင်တွေလုပ်ဖို့ အလကား ရတဲ့ Primo PDF

PDF ဖိုင်တွေကို လွယ်လွယ် ကူကူ ဖန်တီးချင် သူတွေအတွက် ဒီ Primo PDF ဆိုတဲ့ အလကား ရတဲ့ ပရိုဂရမ် လေးကို မိတ်ဆက် ပေးပါရစေ။ အလကား ရလို့ ဆိုပြီး အထင်တော့ မသေး လိုက်ပါနဲ့။ ဘယ်ဖိုင်ကမဆို Print function သုံးပြီး PDF ဖိုင်တွေကို ဖန်တီး ယူနိုင်ပါတယ်။ ဒါ့အပြင် ဖိုင်တွေကိုလဲ Encrypt လုပ်ပေး နိုင်ပါတယ်။ သိပ် မလုံခြုံတဲ့ 40 Bit encryption က ကောင်းကောင်း အလုပ်လုပ်ပေမယ့် (အခုအချိန်ထိ) လုံခြုံမှု အပြည့် ရှိတဲ့ 128 Bit Encryption algorithm ကတော့ အလုပ်မလုပ်ဘူး ဖြစ်နေပါတယ်။ နောက်ထွက်မယ့် version တွေမှာတော့ ဒီပြဿနာ ရှင်းသွား လိမ့်မယ် ထင်ပါတယ်။ ပရိုဂရမ်ကို www.primoPDF.com မှာ ရနိုင်ပါတယ်။



Technorati Tag : ,

Comments

Popular posts from this blog

Another interesting Myanmar personal blog - Myo Kyaw Htun

How to insert images and pictures in Gmail