Pakokku, the West Bank City of Irrawaddy, Myanmar, Burma

If you ever happened to be visiting the Ayar West Bank City of Pakokku, don't forget to visit Sihoshin Pagoda. Believed to be built by the King Alaung Sithu, the Pagoda is one of the most famous and holiest Pagodas in Myanmar. Dating back no later than Pagan (Bagan) era, it is one of the ancient monuments in Myanmar too. Made of "Tharakkhan Wood", a kind of sacred wood, the stupas are among the oldest stupas in Myanmar.

Another Pagoda worth mentionening is Pagoda. Housing the famous "Tan Ke Taw Gyi", a famous wood curving made in late 19th century, it is one of the famous monuments in Pakokku, and the pride of Pakokku.

A guest house names "Tha Pyay Nyo" is quite cheap and nice to stay. If you want to stay in a nice hotel, go to "Pakokku Hotel".

While in Pakokku, take your time to visit "Pakhan Gyi Old Town", the ancient town near Pakokku. Believed to be dating back before the Bagan era, it has many ancient pagodas, probably built around Bagan era.

You can reach Pakokku via Rangon or Mandalay by land, or through Bagan and crosses the Irrawaddy (Ayarwaddy) River by boat.

ဧရာ အနောက် မြို့တော်လို့ တင်စား ပြောကြတဲ့ ပခုက္ကူကို ရောက်ခဲ့မယ် ဆိုလျှင် တန်ခိုးကြီး သီဟိုရှင် ဘုရားကိုတော့ ဝင်ဖူးဖြစ်အောင် ဖူးစေချင် ပါတယ်။ အစဉ်အလာ ပြောစကား အရတော့ ပုဂံခေတ် အလောင်းစည်သူ မင်းကြီး တိုင်းခန်း လှည့်လည်စဉ် တည်ထားခဲ့တဲ့ ဘုရားလို့ အဆို ရှိပါတယ်။ ဘယ်လို ဖြစ်ဖြစ် ပုဂံခေတ် ထက်တော့ နောက်မကျ ပါဘူး။ သရက္ခံ သားနဲ့ ထုလုပ်ထားတဲ့ ဘုရားတွေ ဖြစ်ပြီး မြန်မာပြည်ရဲ့ တန်ခိုးကြီး ဘုရားတွေ အဝင်အပါ ဖြစ်ပါတယ်။

နောက်ဘုရား တစ်ဆူကတော့ ရွှေဂူ (ရွှေကူ) ဘုရား ဖြစ်ပါတယ်။ ပခုက္ကူရဲ့ နာမည်ကျော် တံကဲကြီး ရှိပါတယ်။ ၁၉ ရာစု နှောင်းမှာ ထုလုပ် ပူဇော် ခဲ့တာဖြစ်ပါတယ်။ ကျွန်းတုံးကြီးကို လက်ရာမြောက်စွာ ပန်းပု ထုလုပ်ထားပါတယ်။ မဖြစ်ဖြစ်အောင် သွားရောက် ကြည့်ရှုသင့်တဲ့ ရှေးဟောင်း လက်ရာတစ်ခု ဖြစ်ပါတယ်။

ပခုက္ကူမှာ တည်းခို မယ်ဆိုရင်တော့ သပြေညို တည်းခိုခန်းမှာ ဈေးသက်သက် သာသာနဲ့ အဆင်ပြေစွာ တည်းခို နိုင်ကြ ပါတယ်။ အဆင့်မြင့်မြင့် တည်းခို ချင်ရင်တော့ ပခုက္ကူ ဟော်တယ် မှာ တည်းခိုနိုင်ပါတယ်။

ပခုက္ကူ ရောက်တုံးရောက်ခိုက် ပခန်းကြီး မြို့ဟောင်း ကိုလည်း သွားရောက် လေ့လာဖို့ တိုက်တွန်း လိုက်ရပါတယ်။

ပခုက္ကူမြို့ကို သွားဖို့ကတော့ မန္တလေး - ပခုက္ကူ ၊ ရန်ကုန် - ပခုက္ကူ တိုက်ရိုက် သွားရောက် နိုင်သလို၊ ရန်ကုန် - ပုဂံ ကား (သို့မဟုတ် လေယာဉ်) စီးပြီး ဧရာဝတီ မြစ်ကို မော်တော် (သို့) သင်္ဘောနဲ့ ဖြတ်ကူးနိုင်ပါတယ်။


Technorati Tag : , , ,

Comments

Popular posts from this blog

Another interesting Myanmar personal blog - Myo Kyaw Htun

How to insert images and pictures in Gmail