တမူးမြို့

တမူးမြို့ဟာ ကဘော်ချိုင့်ဝှမ်းက မြို့တစ်မြို့ ဖြစ်ပါတယ်။ အိန္ဒိယ မြန်မာ နယ်စပ် အနီး တည်ရှိပြီး နယ်စပ်နဲ့ မိုင်အနည်းငယ်ပဲ ကွာဝေးပါတယ်။ တမူးမြို့ဟာ အတော်အတန် ကျယ်ဝန်းပါတယ်။ ကလေးလောက် မကြီးပေမယ့် အရွယ် အလတ်စား မြို့တစ်မြို့ ဖြစ်ပါတယ်။ မြို့တွင်းလမ်းများ ကျယ်ဝန်းပြီး သန့်ရှင်းသပ်ရပ် ပါတယ်။ အိမ်ကြီး အိမ်ကောင်းတွေလဲ အလွန်ပေါပါတယ်။ ခေတ်မှီ ၂ ထပ်၊ ၃ ထပ် တိုက်တွေ အများ အပြား ရှိပါတယ်။ သူဌေး သူကြွယ် အလွန်ပေါတဲ့ မြို့တစ်မြို့ပါ။ ဗမာ၊ ချင်းလူမျိုးတွေ အများစု နေထိုင်ကြပြီး ဂေါ်ရခါးတွေလဲ အများ အပြား နေထိုင်ကြပါတယ်။ ချမ်းသာတဲ့ ဂေါ်ရခါးတွေ အတော်များ ပါတယ်။ ရှမ်း၊ တရုတ်နဲ့ ကချင် လူမျိုးတွေလဲ နေထိုင် ကြပါတယ်။

တမူးမှာ တည်းခိုခန်း ၄၊ ၅ ခု ရှိပါတယ်။ သန့်ရှင်း သပ်ရပ်ပြီး ဈေးလဲ သင့်တော် ပါတယ်။ အစား အသောက် ဈေးလဲ သက်သာပါတယ်။ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေ ပေါပါတယ်။ မြီု့ထဲက ချစ်တီး ထမင်းဆိုင် လက်ရာ အတော် ကောင်းပါတယ်။ ချစ်တီးဆိုင် ဆိုရင် လူတိုင်း သိပါတယ်။ မနက်စောစော ဆိုရင် အာလူး ပူရီနဲ့ တိုရှည် ကောင်းကောင်း ရပါတယ်။
မြို့ပေါ်မှာ ခရစ်ယာန် ဘုရားကျောင်းတွေ အနှံ့ အပြား တွေ့ရပါတယ်။ ဘုရားကျောင်းတွေက ခန့်ညား ကြီးမား ကြပါတယ်။ ဟိန္ဒူဘာသာ ဘုရားကျောင်း တွေလဲ တွေ့ရပါတယ်။

မြို့ပေါ် သွားလာရေး အတွက် လိုင်းကားနဲ့ သုံးဘီးတွေ ပြေးဆွဲ ပါတယ်။ သွားလာရေး အဆင်ပြေ ပါတယ်။ တစ်ဖက်နိုင်ငံ မိုရေးမြို့ကို ပြေးဆွဲတဲ့ လိုင်းကားတွေလဲ ရှိပါတယ်။
Technorati Tag : Tamu, Kabaw Valley, Myanmar, Burma

2 comments:
တမူးနှင့်ကလေးလမ်းတလျှောက်တွေ့ ရတဲ့ရွာတွေဟာ တကယ်တော့ ချင်းရွာတွေ မဟုတ်ကြပါဘူး၊ ကူကီးလူ မျိုးလို့ ခေါ်ဆိုကြပါတယ်။ အပြင်ပန်းအားဖြင့် ချင်းလူမျိုး တွေနဲ့ တူတယ်လို့ ထင်ရပေမယ့် အတွင်းကျကျလေ့လာ ရင် အတော်ကွဲပြားခြားနားတာတွေ့ ရပါတယ်။ နောက် ပြီး နန်းဖါလုံဆိုတာဟာလည်း ခင်ဗျားပြောသလို ကသည်းရွာမဟုတ်ပါဘူး၊ ကူကီးရွာသာဖြစ်ပါတယ်။ ကသည်းလူမျိုးဆိုတာ ဗမာပြည်မှာ မရှိပါဘူး။ ခက်တာ က အခုအုပါချုပ်နေတဲ့ စစ်အစိုးရက ၁၉၉၃ ခုနှစ်ခန့်  လောက်ကစပြီး ဒီကသည်းသူပုန်တွေဆီ ဆက်ကြေးယူ ပြီး ခိုလှုံခွင့်ပေးထားခဲ့ပါတယ်။ ဒါကိုအခွင်းကောင်းယူပြီး ကသည်းတွေဟာ အစုလိုက်အပြုံလိုက် နိုင်ငံသား မှတ်ပုံတင်တွေလုပ် ဒေသအတွင်းနေထိုင်လာခဲ့ကြတာ ဖြစ်တယ်။
ဒီလောက်ဆိုရင် ဒီဒေသဌာနေတိုင်းရင်းသား ကူကီး တွေရင်ဆိုင်ရမယ့် အဖြစ်ကို ရိပ်မိဆ၀ါး ခံစားပေးနိုင်လိမ့် မယ်လို့ မျှော်လင့်ရပါတယ်။
အပြုစိတ်ဖြင့်
ဒေသခံတစ်ဦး
တမူး ဆိုတာကျနော်ရဲ့မြို့ ပါ ကျနော်က ခု တခြားနေရာမှာ ရောက်နေပါတယ်..ကျနော့ရဲ့မြို့ အကြောင်း လေးကိုဖတ်လိုက် ရလို့ အရမ်းလဲဝမ်းသာမိပါတယ်...ဖြစ်နိုင်ရင် ဖုန်းနံပါတ်လေး သိရရင်တောင်ပိုကောင်းမယ်ဗျာ မြို့ မ ဘုန်းကြီးကျောင်းရဲ့ ဖုန်းနံပါတ်လေး ပေါ့
Post a Comment