Chin National Day (1)

ချင်းအမျိုးသားနေ့ (၁)



၂၀၀၇ ချင်းအမျိုးသားနေ့ အခမ်း အနားကို ဟားခါးမြို့ ဦးဝမ္မသူးမောင်း အားကစားကွင်းမှာ စည်ကား သိုက်မြိုက်စွာ ကျင်းပ ခဲ့ပါတယ်။

၁၉၄၈ ဖေဖေါ်ဝါရီ ၂၀ ရက်နေ့ ဖလမ်းမြို့ ချင်းလူထု အစည်း အဝေးက ပဒေသရာဇ် စနစ်ကို ဆန့်ကျင်ကြောင်းနဲ့ ပြည်ထောင်စုကို ထောက်ခံကြောင်း ဆုံးဖြတ်ခဲ့ရာက အစပြုပြီး ချင်းအမျိုးသား နေ့ကို နှစ်စဉ် ကျင်းပလာ ခဲ့ပါတယ်။ အခု ၂၀၀၇ မှာ (၅၉) နှစ် ပြည့်ပါပြီ။


ဖေဖေါ်ဝါရီ (၁၉) က စပြီး ဦးဝမ္မသူးမောင်း အားကစား ကွင်းအတွင်း ဌာနဆိုင်ရာ ပြခန်းတွေ၊ ဈေးဆိုင်တွေ ဖွင့်လှစ် ရောင်းချ ပါတယ်။ ချင်းရိုးရာ နပမ်းပွဲလဲ ကျင်းပပါတယ်။ ညဖက်မှာ ရိုးရာ အကနဲ့ ချင်းရိုးရာ ဝတ်စား
ဆင်ယင်မှု ပြပွဲလဲ ပြုလုပ်ပါတယ်။


၂၀ ရက်နေ့ မနက်မှာတော့ရိုးရာ အကတွေနဲ့ ဖျော်ဖြေပြီး ဆုရရှိ သူများကို ဆုချီးမြင့်ပါတယ်။ ဒီ့နောက် ခေါင်ကောက်ပွဲကို ဆက်လက် ပြုလုပ်ပါတယ်။ ရှေးခေတ်ကတော့ အုပ်ချုပ်သူ စော်ဘွားက တော်ကောက်တဲ့ အမျိုး သမီးပျိုကို အခမ်း အနားနဲ့ သိမ်းပိုက်တဲ့ ပွဲဖြစ်ပါတယ်။ အခုတော့ ယခင် စော်ဘွား အနွယ်ဝင် တစ်ဦးက အခမ်းအနား သဘော ကျင်းပတာ ဖြစ်ပါတယ်




Technorati Tag : , , , , ,

Comments

Anonymous said…
Enjoyed watching the clips from Chinland. Are you from Hakha? I'm assuming you're a Chin. I'm doing a Powerpoint presentation for Chin National Day in Dallas, TX. I hope you don't mind that I'm taking some of your amazing pictures for my presentation.

Siang Bawi(siangbawi@gmail.com)

Popular posts from this blog

Another interesting Myanmar personal blog - Myo Kyaw Htun

How to insert images and pictures in Gmail