Chin National Day (2)

ချင်းအမျိုးသားနေ့ (၂) - ခေါင်ကောက်ပွဲ

ဦးစွာ ပထမ အကောက်ခံ အမျိုးသမီးပျိုကို ဝေါနဲ့ထမ်းပြီး အခမ်းအနားနဲ့ ကွင်းဆီ သယ်ဆောင်လာ ကြပါတယ်။ သေနတ်များလဲ ပစ်ဖေါက် ကြပါတယ်။ ဒီ့နောက် မိန်းမပျိုကို ဝေါနဲ့ မလှမ်းမကမ်းမှာ နေရာချပေး ပါတယ်။ မိန်းမပျိုဟာ အခမ်းအနား အတွင်း မြေမထိ ရပါဘူး။ ဒါ့ကြောင့် မိန်းမပျို လျှောက်မယ့် လမ်းတစ်လျှောက်
ကော်ဇောခင်း ထားပါတယ်။ မင်္ဂလာ အချိန် ကျရောက်တဲ့ အခါ သေနတ်များ ပစ်ဖေါက်ပြီး ဝေါဆီကို အခမ်းအနားနဲ့ ခေါ်ဆောင် လာကြပါတယ်။ ဒီ့နောက် ဝေါကို ထမ်းပြီး ဝိုင်ပတ် ကခုန်ကြပါတယ်။ မိန်းမပျို ကလဲ တီးလုံး စည်းချက် နဲ့အညီ ကရပါတယ်။ ပိုက်ဆံများလဲ ကြဲချပါတယ်။ အချိန် အတော်ကြာ ကခုန်ပြီး အခမ်းအနား ပြီးဆုံးပါတယ်။


ဒီချင်းအမျိုးသားနေ့ အခမ်းအနားကို လာကြတဲ့ လူကြီး လူငယ် အားလုံးလိုလို ချင်းရိုးရာ အဆင်နဲ့ ယက်လုပ်ထားတဲ့ ဝတ်စုံများကို ဝတ်ဆင် လာကြပါတယ်။ ချင်းရိုးရာ ဝတ်စုံတွေက အရောင် အသွေး စုံလင်ပြီး အလွန် လှပပါတယ်။ လှပတဲ့ ချင်းလှပျိုဖြူ တွေနဲ့ ချင်းဝတ်စုံ တွေက အလွန်ပဲ လိုက်ဖက် လှပါတယ်။

ညဖက်မှာတော့ ကလေးက တီးဝိုင်းနဲ့ ဖျော်ဖြေပါတယ်။ ဒီချင်း အမျိုးသားနေ့ ပွဲကို ဟားခါး တစ်မြို့လုံး လူကြီးလူငယ်မကျန် ပါဝင်ဆင်နွဲ ကြပါတယ်။ ချင်းအမျိုးသား အလံတွေကိုလဲ ဂုဏ်ယူ ဝင့်ကြွားစွာ လွှင့်ထူ ထားကြပါတယ်။ အခွင့် ကြုံမယ် ဆိုရင်တော့ ဟားခါး ချင်းအမျိုးသားနေ့ ပွဲဟာ သွားရောက် လေ့လာ သင့်တဲ့ ပွဲဖြစ်ပါတယ်။

Technorati Tag : , , , , ,

Comments

Popular posts from this blog

Another interesting Myanmar personal blog - Myo Kyaw Htun

How to insert images and pictures in Gmail