Kalay Falam Hakha Road (2)

ကလေး - ဖလမ်း - ဟားခါးလမ်း (၂)




ဖလမ်းမြို့ဟာ သန့်ရှင်းပြီး သေသပ် လှပတဲ့ တောင်ပေါ် မြို့လေးတစ်မြို့ ဖြစ်ပါတယ်။ လူနေမှု စနစ်လဲ မြင့်ပါတယ်။ ဖလမ်း မြို့လယ် လမ်းတစ်လျှောက် ၂ ထပ်၊ ၃ ထပ် အဆောက် အဦတွေ ဆောက်လုပ်ထားပြီး ကြီးမား ခန့်ညားတဲ့ ခရစ်ယာန် ဘုရားကျောင်းကြီး ရှိပါတယ်။ မြို့ကို တောင်စောင်းမှာ အဆင့်ဆင့်၊ အထပ်ထပ် တည်ထားတဲ့ အတွက် အလွန် လှပါတယ်။ ဖလမ်း သူတွေဟာ ချင်းပြည်နယ်မှာ အလှဆုံးလို့ ကျော်ကြား ပါတယ်။


ဖလမ်းမှာ ခရီးသည်တွေ အများ အပြား ကားပေါ် တက်လာ ကြတဲ့အတွက် ကားတစ်စီးလုံး ပြည့်ကျပ် သွားပါတယ်။ ကားအမိုး ပေါ်မှာလဲ လူအပြည့် ဖြစ်သွားပါပြီ။ ဖလမ်းက အထွက် (၁၂:၄၅) ရှိပါပြီ။ ဖလမ်း မရောက်မီ လမ်းအတော် ဆိုးပါတယ်။



ဖလမ်း အနီးမှာ အလွန် လှပတဲ့ လှေခါးထစ် တောင်ယာ စိုက်ခင်းတွေ အမြောက် အများ တွေ့ရပါတယ်။ ရွာတွေရဲ့ လူနေမှု အဆင့် အတန်းလဲ မြင့်မားပုံ ရပါတယ်။

ဖလမ်း - ဟားခါး လမ်းပိုင်းမှာ ဖလမ်းဖက် ခြမ်းပဲ လမ်းကောင်းပြီး၊ ဟားခါးဖက် ခြမ်းက လမ်းအတော် ဆိုးပါတယ်။ အချို့ အပိုင်းတွေက ပြုပြင်ဆဲပါ။


ဟားခါးရောက်တော့ ညနေ (၄:၃၀) ရှိပါပြီ။


Technorati Tag : , , , , ,

Comments

Popular posts from this blog

Another interesting Myanmar personal blog - Myo Kyaw Htun

How to insert images and pictures in Gmail