Falam

ဖလမ်းမြို့

ဖလမ်းဟာ ချင်းပြည်နယ် မြောက်ပိုင်း ဖလမ်းခရိုင်ရဲ့ မြို့တော် ဖြစ်ပါတယ်။ ချင်းပြည်နယ်မှာ မြောက်ပိုင်း ဖလမ်းခရိုင်နဲ့ တောင်ပိုင်း မင်းတပ်ခရိုင် ဆိုပြီး ခရိုင်နှစ်ခု ရှိပါတယ်။ ဖလမ်း ခရိုင်မှာ ဖလမ်း၊ တီးတိန်၊
တွန်းဇံ နဲ့ ထန်တလန် မြို့များ ပါဝင်ပါတယ်။


၁၉၆၅ မတိုင်မီ အထိ ဖလမ်းဟာ ချင်းပြည်နယ်ရဲ့ မြို့တော် ဖြစ်ခဲ့ပါတယ်။ ၁၉၆၅ မှာတော့ ဟားခါးကို မြို့တော်ပြောင်းရွှေ့ခဲ့ ကြပါတယ်။ အရင်ကတော့ ဖလမ်းဟာ အလွန် စည်ကားခဲ့ပါတယ်။ အခုတော့ ဟားခါးက ပိုပြီး စည်ကား သွားပါပြီ။

ဖလမ်းမှာ ၂ ထပ်၊ ၃ ထပ် တိုက်တွေ အတော်များများ တွေ့ရပါတယ်။ ထုထည် ကြီးကြီးနဲ့ အခိုင်အခန့် ဆောက်လုပ် ထားတာပါ။ အရင် မြို့တော် ဖြစ်ခဲ့စဉ်က ဆောက်လုပ် ခဲ့တာပါ။ အခုတော့ တော်တော်လေး ဟောင်းနွမ်း နေပါပြီ။ ခန့်ညားမှု ကတော့ ကျန်ပါသေးတယ်။

ဖလမ်းမြို့ဟာ တောင်ဆောင်းမှာ အထပ်ထပ်၊ အဆင့်ဆင့် တည်ဆောက် ထားတာပါ။ အတော်လေး လှပါတယ်။ ဖလမ်း သူတွေဟာ ချင်းပြည်နယ် တစ်ခုလုံးမှာ အလှဆုံးလို့ ကျော်ကြားပါတယ်။ သက်မွန်မြင့်ဟာ ဖလမ်းသူပါ။

မြို့လယ်မှာ ကြီးမား ခန့်ငြားတဲ့ ခရစ်ယာန် ဘုရားရှိခိုး ကျောင်းကြီး ရှိပါတယ်။ ဖလမ်းက အထွက်မှာတော့ တောင်တန်း သာသနာပြု ဆရာတော် ဦးဥတ္တမသာရ သီတင်းသုံး ခဲ့ရာ ကျောင်းသင်္ကန်းကို သွားရောက် ဖူးမြော် နိုင်ပါတယ်။ မြို့လူဦးရေ အများစု ကတော့ ခရစ်ယာန်တွေ ဖြစ်ပါတယ်။

Technorati Tag : , , , , ,

Comments

Popular posts from this blog

Methodist English High School Alumni Website (MEHSA)

How to insert images and pictures in Gmail

How to install Let's Encrypt free SSL certificate on NameCheap web hosting