Trapped in Chin Hills
I wrote this one on the night of 16th of November 2006, while in Chin Hills.
ချင်းတောင်ပေါ်မှာ နေရတာ အရမ်း ပျင်းစရာ ကောင်းလှပါတယ်။ ဘယ်မှလဲ သွားစရာ မရှိ၊ ပျော်စရာ ပါးစရာ လဲမရှိ၊ အင်တာနက် လဲမရှိ (အဲဒါက အဆိုးတကာ့ အဆိုးဆုံး ပါပဲ) တော်တော် ပျင်းစရာ ကောင်းပါတယ်။ ဒီကြားထဲ ချမ်းကလဲ ချမ်းသေး။ ဆောင်းတွင်း ဒီဇင်ဘာ လဆို အပူချိန်က (အအေးချိန်ဆို ပိုမှန်ပါတယ်) ၄ - ၅ ဒီဂရီ စင်တီဂရိတ် လောက်ပဲ ရှိတာဆိုတော့ ညညတွေဆို မခံနိုင်အောင်ကို ချမ်းလှတာပါလား။ အနွေးထည်က သုံးထပ်၊ ဂွမ်းစောင်က နှစ်ထပ်၊ ဂွမ်းကပ်က တစ်ထပ်၊ လက်အိတ်စွပ်၊ ခြေအိပ်စွပ်၊ ခေါင်းစွပ် စွပ်၊ ဒါလဲ မခံနိုင်အောင် ချမ်းလှပါတယ်။ လေကလဲ တဝှုးဝှုးနဲ့ တချိန်လုံး တိုက်နေတာပါ။ ညညဆို ထင်းရူးတော တွေထဲ ဖြတ်ပြီး လေတိုက်တဲ့ အသံဟာ လေကြီး မိုးကြီး ကျနေသလား အောက်မေ့ရပါတယ်။ အရမ်းပဲ စိတ်ချောက်ချား စရာ ကောင်းလွန်းလှပါတယ်။ ချမ်လွန်းလို့ နေ့လယ်ခင်းတောင် မီးလှုံရင်း အလုပ်လုပ်ရပါတယ်။ ဒီကြားထဲ ဆောင်းတွင်း မိုးရွာလိုက်လျှင်တော့ အရမ်း အရမ်းကို ချမ်းတော့ တာပါပဲ။ မှိုင်း (တောင်ပေါ်မှာ တိမ် (သို့) မြူ တွေကို ခေါ်တာပါ) တွေ တိုက်လာပြီ ဆိုလျှင်လဲ ဘာဆို ဘာမှ မမြင်ရတော့ပါဘူး။ ပေ ၂၀ - ၂၅ ပေလောက်ဆို ဖြူဖြူဖွေးဖွေး တွေပဲ မြင်ရပါတော့တယ်။ တိမ်တွေပေါ် ရောက်နေသလိုပေါ့။ တကယ်ကို ဆိုးရွားလှတဲ့ ရာသီဥတု ပါလားနော်။
ဒီစာကို ချင်းတောင်မှာ ရှိတုံး ၁၆ နိုဝင်ဘာ ၂၀၀၆ ညမှာ ရေးပါတယ်။
Technorati Tag : Chin Hills
Comments