Connecting two computers using USB Cable
To install, first you have to install the driver without attaching the cord to the USB port. If you install the driver while attaching the cord to the USB port, it will not function properly. After successful installation of the drivers on both computers you intend to connect, attach the cord to the USB ports on each computer, and starts the software. The software will show the drives on each computer in an interface which looks like two sided explorer. Just Drag & Drop the files and folders from one drive to another.
It is said that you can also network two computers using this Net Link Cable using TCP/IP protocol. I have never tried it before. If you are interested, you can try anyway.
USB သုံးပြီး ကွန်ပျူတာ နှစ်လုံး ချိတ်ဆက်နည်း
USB Cable ကြိုး သုံးပြီး ကွန်ပြူတာ တစ်လုံးကနေ တစ်လုံးကို Data တွေ ပြောင်းရွှေ့နိုင်ပါတယ်။ ဒါပေမယ့် ရိုးရိုး USB ကြိုးတော့ မရပါဘူး။ အလယ်မှာ USB Hub Server လေး ပါပါတယ်။ USB Net Link Cable ဆိုပြီး မေးဝယ်လျှင် ရပါတယ်။ သိပ်ဈေး မကြီးပါဘူး။ (ဘန်ကောက် ပန်သစ် ပလာဇာမှာ ဘတ် ၇၀၀ လောက်ပဲ ပေးရပါတယ်။)
ဒီ USB Net Link ကို install လုပ်မယ် ဆိုလျှင် ပထမဆုံး ကြိုးမတပ်သေးပဲ Driver ကို အရင် install လုပ်ရပါမယ်။ ကြိုးတပ်ပြီးမှ driver install လုပ်မယ်ဆိုလျှင် ကောင်းကောင်း အလုပ် မလုပ်ပါဘူး။ အသုံးပြုမယ့် ကွန်ပြူတာ နှစ်လုံး စလုံးမှာ Driver ကို install အရင် လုပ်ပြီးမှ ကြိုးကိုတပ်ပါ။ ပြီးရင် ဒီကြိုးနဲ့ အတူ ပါလာတဲ့ Transfer program ကို နှစ်လုံး စလုံးမှာ ဖွင့်လိုက်ပါ။ ဒီ ပရိုဂရမ်က ကွန်ပြူတာ နှစ်လုံးက Hard drives တွေကို ပြပေးပါတယ်။ ဖိုင်တွေ ရွှေ့ဖို့တော့ Drag & Drop လုပ်ရုံပါပဲ။
ဒီကြိုးနဲ့ Networking လုပ်လို့ ရတယ်လို့တော့ ပြောပါတယ်။ (TCP/IP protocol သုံးပြီးတော့ပါ။) တစ်ခါမှတော့ စမ်းမကြည့်ရ သေးပါဘူး။ စိတ်ဝင်စားတယ် ဆိုရင်တော့ စမ်းကြည့် နိုင်ပါတယ်။
Technorati Tag : USB Net Link
Comments
http://www.usbfever.com/index_eproduct_view.php?products_id=160